ကိုယ်ဝန်မရှိပါဘဲ ရာသီပျောက်ရခြင်း အကြောင်းအရင်း
ရာသီလာချိန်မှာ မလာတာကလည်း အမျိုးသမီးတွေကို စိုးရိမ်စိတ် ဖြစ်စေနိုင်တဲ့ မီးယပ်ပြဿနာ တစ်ခုပေါ့။ ရာသီပျောက်တာကို ကိုယ်ဝန်လို့ ယူဆစရာ ရှိပေမယ့် အချို့သော အခြေအနေတွေမှာတော့ ကိုယ်ဝန်ကြောင့် မဟုတ်တဲ့ ရာသီပျောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အခုတစ်ခေါက်မှာတော့ အမျိုးသမီးလေးတွေ သိထားသင့်တဲ့ ကိုယ်ဝန်မရှိပါဘဲ ရာသီပျောက်ရခြင်း အကြောင်းအရင်းလေးတွေကို ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။
ကိုယ်ဝန်မရှိပါဘဲ ရာသီပျောက်ရတဲ့ အကြောင်းအရင်း
ရာသီပျောက်တာက များသောအားဖြင့်ကတော့ ကိုယ်ဝန်ရှိတာကြောင့်ပါ။ အမျိုးသမီးတွေဟာ များသောအားဖြင့်ကတော့ ၂၈ တိုင်းမှာ ရာသီသွေးဆင်းတတ်ကြသလသို အချို့ကတော့လည်း ၂၁ ရက် ခြားသလို အချို့ကတော့လည်း ရက် ၄၀ ခြား တစ်ခါ ရာသီသွေးပေါ်တတ်ကြပါတယ်။
အမျိုးသမီးတွေမှာလည်း ရာသီသွေးမှန်တဲ့ အမျိုးသမီးတွေ ရှိသလို အချို့ကလည်း ရာသီသွေး မမှန်ကြပါဘူး။ ရာသီသွေးကို ရပ်တန့်သွားစေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ ဘာတွေများလဲဆိုတာကို ဆက်လေ့လာလိုက်ပါဦးနော်။
ကိုယ်ဝန်မရှိပါဘဲ ရာသီသွေးပျောက်ရတဲ့ အကြောင်းအရင်းတွေထဲမှာ အဖြစ်အများဆုံးက ကိုယ်ဝန်ရှိတာကြောင့် ဆိုပေမယ့် အခုလို အခြေအနေတွေကလည်း ရာသီသွေးပျောက်စေနိုင်ပါတယ်။ ဒါတွေကတော့ -
- စိတ်ဖိစီးတာ - စိတ်ဖိစီးနေပြီဆိုရင်လည်း ရာသီစက်ဝန်းက ပုံမှန်ထက် ရှည်လျားတာ၊ ရာသီသွေးဆင်းရက် တိုတာမျိုးတွေ ခံစားရနိုင်သလို ရာသီသွေး ရပ်သွားတာမျိုးလည်း ရှိနိုင်ပါတယ်။ အချို့သော အခြေအနေမှာ ရာသီလာချိန် ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။
- ရုတ်တရက် ကိုယ်အလေးချိန် ကျတာ - အခြေအနေ တစ်ရပ်ရပ်ကြောင့် ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းတာကလည်း ရာသီသွေးရပ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် ကျသွားတာက သားဥကြွေစေနိုင်ဖို့ လိုအပ်တဲ့ ဟော်မုန်းတွေ ထုတ်လွှတ်မှုကို ရပ်တန့်သွားစေနိုင်တာ ကြောင့်ပါ။
- ကိုယ်အလေးချိန် များတာ - ကိုယ်အလေးချိန် များတာက ကိုယ်တွင်းမှာ oestrogenထွက်ရှိမှုကို များစေပြီး ရာသီစက်ဝန်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် များနေတာကလည်း ရာသီသွေးရုတ်တရက် ရပ်တာမျိုး ဖြစ်စေနိုင်ပါတယ်။
- လေ့ကျင့်ခန်း အလွန်အကျွံ လုပ်တာ - စိတ်ဖိစီးမှု နည်းတူ လေ့ကျင့်ခန်းတွေကို အလွန်အကျွံ လုပ်တာက ဟော်မုန်းတွေကို ကမောက်ကမ ဖြစ်စေနိုင်ပြီး ကိုယ်တွကင်း အဆီတွေကို ကျစေနိုင်တာကြောင့် သားဥကြွေတာကို ရုတ်တရက် ရပ်သွားစေပါတယ်။
- တားဆေး သောက်ဆေး - သားဆက်ခြား သောက်ဆေး သောက်တာက ရာသီစက်ဝန်းအပေါ်မှာ သက်ရောက်မှု ရှိစေပါတယ်။ အရေးပေါ်တားဆေးတွေ ထိုးဆေးတွေနဲ့ သားအိမ်ထဲထည့်တဲ့ သန္ဓေတား နည်းလမ်းတွေကို အသုံးပြုတာကလည်း ရာသီသွေးပေါ်တာကို ရပ်တန့်စေနိုင်ပါတယ်။
- သွေးဆုံးတာ - သွေးဆုံးတာကလည်း ရုတ်တရက် ရာသီသွေး ရပ်တန့်တာကို ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ ကိုယ်တိုင်က အသက် ၄၀ ကျော်ပြီဆိုရင်တော့ ရုတ်တရက် ရာသီသွေး ရပ်သွားတာက သွေးဆုံးတာကြောင့်ပါ။
- သားအိမ်ထဲ ရေအိတ်တည်တာ - သားအိမ်ထဲ ရေအိတ်တည်တာကလည်း သားဥကြွေတာကို ရပ်တန့်စေပြီး ရာသီသွေးပေါ်တာကို ရပ်စေနိုင်ပါတယ်။
ဒီနေရာမှာ တစ်ခု သတိပေးချင်တာက ရာသီသွေးကလည်း ပျောက်နေတာ ၃ လကျော်ပြီ ကိုယ်ဝန်စစ်ဆေးမှု ကလည်း အဖြေ - negative ဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။
မွန်မွန်